“ရုရှားနိုင်ငံက ကင်ဆာရောဂါ ကာကွယ်ဆေးအတွက် စမ်းသပ်ဆေးပထမအသုတ်ကို ထုတ်လုပ်”
“ရုရှားနိုင်ငံက ကင်ဆာရောဂါ ကာကွယ်ဆေးအတွက် စမ်းသပ်ဆေးပထမအသုတ်ကို ထုတ်လုပ်”
ရုရှားနိုင်ငံက ကင်ဆာရောဂါ ကာကွယ်ဆေးအတွက် စမ်းသပ်ဆေးပထမအသုတ်ကို ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း မော်စကိုမြို့ရှိ ဂါမယ်လီယာသုတေသနဌာနမှ ညွှန်ကြားရေးမှူး အလက်ဇန်းဒါး ဂျင့်စဘာ့ က ပြောသည်။
ဉာဏ်ရည်တုနည်းပညာ(AI) ထောက်ပံ့မှုယူထားပြီး mRNA ကို အခြေခံထားသည့် အဆိုပါ ကာကွယ် ဆေးသည် လူနာ၏ မျိုးရိုးဗီဇအချက်အလက်များကို အသုံးပြုခြင်းအားဖြင့် ယင်းလူနာတွင် ဖြစ်ပေါ်နေသော အကျိတ်များကို ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်သည်။ ပဏာမလေ့လာမှုများအရ ကာကွယ်ဆေးသည် အကျိတ် များကို သေးငယ်သွားစေပြီး ယင်းအကျိတ်များ၏ ကြီးထွားမှုနှုန်းကိုလည်း ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ နှေးကွေးစေနိုင်သည်ဟု တွေ့ရှိထားသည်။
ယခုထုတ်လုပ်ထားသော စမ်းသပ်ဆေးဝါးများကို အူမကြီးကင်ဆာဝေဒနာရှင်များနှင့် ကနဦးစမ်းသပ်မှုများ လုပ်သွားမည်ဖြစ်သည်ဟု သုတေသနဌာနက ထုတ်ပြန်ထားသည်။ လက်ရှိထုတ်လုပ်ထားသော ကာကွယ်ဆေး များသည် စမ်းသပ်မှုလုပ်ရန်သာဖြစ်သော်လည်း တရားဝင်အသုံးပြုနိုင်ရေးအတွက် လိုအပ်သောစစ်ဆေးမှုများ အားလုံးကို အောင်မြင်စွာဖြတ်ကျော်ထားနိုင်ပြီဖြစ်ကြောင်း သုတေသနဌာနညွှန်ကြားရေးမှူးက ပြောသည်။
ဂါမယ်လီယာသုတေသနဌာနသည် Sputnik V အမည်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထုတ်လုပ်သည့် ဌာနဖြစ်သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Comments