"ရထားလက်မှတ် ဝယ်ဖို့ ဘူတာသွား တန်းစီစရာ မလိုတော့ဘူးနော်"
ရန်ကုန်-မန္တလေး ရထားစီးမယ့် ခရီးသည်တွေအတွက် တကယ့်ကို အဆင်ပြေစေမယ့် သတင်းကောင်းလေး မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 🚂📱 "ရထားလက်မှတ် ဝယ်ဖို့ ဘူတာသွား တန်းစီစရာ မလိုတော့ဘူးနော်" ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းမှာ ပြေးဆွဲနေတဲ့ အမြန်ရထားတွေနဲ့ DEMU ရထားလက်မှတ်တွေကို အခုဆိုရင် အွန်လိုင်းကနေပဲ လွယ်လွယ်ကူကူ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ✅ ဘယ်နေ့ကစပြီး ဝယ်လို့ရမလဲ? ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ စတင်ပြေးဆွဲမည့် ခရီးစဉ်များအတွက် ဖေဖော်ဝါရီလ (၁) ရက်နေ့ မှ စတင်ကာ အွန်လိုင်းကနေ ရောင်းချပေးသွားမှာပါ။ ✅ ဘယ်လိုဝယ်ရမလဲ? ortp.railways.gov.mm ဆိုတဲ့ Link လေးကနေဖြစ်စေ၊ QR Code ကို Scan ဖတ်ပြီးဖြစ်စေ မိမိတို့ စိတ်ကြိုက် နှစ်သက်ရာ နေရာကနေ ဝယ်ယူနိုင်ပါတယ်။ ✅ ငွေပေးချေမှုစနစ် MyanmarPay (MMQR) ၊ MPU နဲ့ အခြား Online Payment မျိုးစုံနဲ့ လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်ပါတယ်။ ✅ ဝယ်ယူနိုင်မည့် ခရီးစဉ်များ * အမှတ် (၁၁) အဆန် / (၁၂) အစုန် (ရန်ကုန် - မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား။ * အမှတ် (၂၇) အဆန် / (၂၈) အစုန် (မန္တလေး - နေပြည်တော် - မန္တလေး) လူစီးအမြန်ရထား။ * အမှတ် (၇) အဆန် / (၈) အစုန် (ရန်...