🩸 သွေးအခက်အခဲရှိပါက မိုးညှင်းမြို့နယ် သွေးဖောင်ဒေးရှင်းသို့ ဆက်သွယ်နိုင်ပါသည် 🩸
🩸 သွေးအခက်အခဲရှိပါက မိုးညှင်းမြို့နယ် သွေးဖောင်ဒေးရှင်းသို့ ဆက်သွယ်နိုင်ပါသည် 🩸 မိုးညှင်းမြို့နယ်အတွင်း ဆေးရုံတက်ရောက်ကုသနေကြသော လူနာများ၏ သွေးလိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ ကူညီပေးနိုင်ရန်အတွက် မိုးညှင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ၏ လမ်းညွှန်မှုဖြင့် အောက်ပါအဖွဲ့အစည်းများ ပူးပေါင်းကာ (အခမဲ့) ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။💪💪💪 🤝 ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ🛑 * မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ * ကချင်ပြည်နယ် သွေးဖောင်ဒေးရှင်း * မိုးညှင်းမြို့နယ် သွေးဖောင်ဒေးရှင်း 📍 မည်သူမဆို ဆက်သွယ်နိုင်ပါသည်📱 မည်သည့် အရပ်ဒေသမှ လာရောက်ဆေးကုသသူဖြစ်စေ သွေးအခက်အခဲရှိပါက မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး တွင် ဖွင့်လှစ်ထားသော "မိုးညှင်းမြို့နယ် သွေးဖောင်ဒေးရှင်း" သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ လာရောက်ဆက်သွယ် အကူအညီတောင်းခံနိုင်ပါသည်။ 💡 ရည်ရွယ်ချက်💘 သွေးလိုအပ်သော လူနာများအတွက် အချိန်နှင့်တပြေးညီ ထိရောက်စွာ ကူညီပေးနိုင်ရေးနှင့် ကိုယ်ကျိုးမဖက်ဘဲ အခမဲ့ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ "သွေးလိုအပ်သူနှင...