ကျောက်ကပ်ကျောက်တည်ခြင်းအတွက် 🍀ဆောင်ရန်ရှောင်ရန် အစားအစာလေးများ🍀

ကျောက်ကပ်ကျောက်တည်ခြင်းအတွက် 

🍀ဆောင်ရန်ရှောင်ရန် အစားအစာလေးများ🍀

✅ကျောက်ကပ်ဆိုတာ…✅

✅ခန္ဓာကိုယ်ကြီးကောင်းစွာ အသက် ဆက်နိုင်ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာ အရေးပါလှပါတယ်။ 

✅ဒါကြောင့်လည်း တခြား ကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု (တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်း ဖြစ်ပါတယ်။

✅ကျောက်ကပ် တစ်ခုစီ၏ အလေးချိန်မှာ ၄ မှ ၆ အောင်စ ဝန်းကျင်ရှိပါတယ်။

✅ဦးနှောက်၊ အသဲ၊ နှလုံးတို့ထက် ကျောက်ကပ်ထဲ သွေးစီးဆင်းနှုန်းက ပိုမြင့်မားပါတယ်။

✅ကျောက်ကပ်တစ်ခု၏ အရွယ်အစားဟာ ပျမ်းမျှ ၄-လက်မခွဲသာ ရှိပါတယ်။

✅ကျောက်ကပ် တစ်စုံဟာ ခန္ဓာကိုယ်ထဲရှိ သွေး၏ ၉၉ ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူကာ၊ သန့်စင်သုံးစွဲပြီး ၁ ရာခိုင်နှုန်း ကိုသာ ကျင်ငယ်ရေအဖြစ် စွန့်ထုတ်လေ့ရှိပါတယ်။
 
✅ဘယ်သူတွေမှာ ကျောက်ကပ် ကျောက်တည်နိုင်ပါသလဲ ?✅
·         
✅ပျမ်းမျှ အသက် ၆၀ ကျော် အမျိုးသားကြီးတွေမှာ ကျောက်တည်လေ့ရှိပါတယ်။

✅အထူးသဖြင့် အသက်၄၀ကျော် အဝလွန်သူအမျိုးသမီးများ နံနက်စာမစားပါက ကျောက်ကပ် ကျောက်တည်ရောဂါ ဖြစ်နှုန်းဟာ ရိုးရိုးသာမန်လူထက် ငါးဆမျှ ပို၍မြင့်မားနိုင်ပါတယ်။

✅တနေ့တွင် ဆီးသွားနှုန်း ၁၅၀၀ မီလီလီတာ (၁ လီတာ) ဝန်းကျင်ရှိပါက၊ ကျောက်ကပ် ပုံမှန်လည်ပတ်နေပြီး၊ ၄င်း ပမာဏထက် ဆီးသွားနှုန်း လျော့နည်းသွားပါက ကျောက်ကပ်ကို အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
 
✅ကျောက်ကပ် ကျောက်တည်ခြင်းအတွက် ရှောင်ရန် အစားအစာများ။
·         
✅ဗီတာမင်စီဆေးပြားတွေကို လိုအပ်တဲ့ပမာထက်ပို၍စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။

✅အကိုက်အခဲ ပျောက်ဆေးများကိုလည်း လွန်ကဲစွာစားမိပါက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

✅Antacid အစာအိမ် အချဉ်ပေါက်ပျောက်ဆေးများကို အလွန်အကျွံ သောက်သုံးခြင်းကလည်း ကျောက်ကပ် ကျောက်တည် စေပါတယ်။

✅နို့၊ ဒိန်ချဉ်၊ နို့ခဲ စတဲ့ တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို လွန်ကဲစွာ စားသောက်တဲ့အခါမှာ ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များအနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

✅ဆိုဒီယမ်(အငံ)ဓာတ် က ခန္ဓာကိုယ်ထဲရှိအရည်တွေကို မျှတအောင်ထိန်းပေးနိုင်တာကြောင့် ဆားဟာမရှိမဖြစ်တဲ့ အရာ ပါ။ 

✅သို့သော် ဆားနဲ့အငံဓာတ်တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကိုဆီးကျောက်တည်စေနိုင်တာကြောင့် စွန့်ထုတ်မှုပိုများစေပြီး၊ အရိုးသန်မာမှုကို ယုတ်လျှော့စေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်း အလား အလာကိုလည်း ပိုများလာစေပါတယ်။ ဒါကြောင့် ဆားကို လျော့နိုင်သမျှလျော့့စားပါ။

✅Oxalates ဓာတ်ကြွယ်၀တဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ် ရွက်တို့က သင့်တင့်ရုံသာစားပေးပါ။

✅ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်တွေ ထည့်ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ်ထဲရှိရေကြောင့်ဖြစ်ပြီး သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

✅ကျောက်ကပ်တွင် ဖြစ်ပေါ်သော ကျောက်(stone)ဟာ ထုံးဓာတ်ပါ၀င်မှုများပြားသော ကယ်လ်ဆီယမ် နှင့် ပေါင်းစပ်မှုကြောင့် ဆီးလမ်းကြောင်း ပိတ်ဆို့စေပါတယ်။
·         
✅သကြား (အချို)ဓာတ်များသော အစားအစာများကလည်း ကျောက်ကပ်ထဲမှာ ကျောက်တုံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ကျောက်တည်စေပါတယ်။
·         
✅သကြားဓာတ်က အင်ဆူလင် ထုတ်လုပ်ရန် ဂလင်းအရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ၄င်းက ကယ်လ်ဆီယမ်ဓာတ် ပိုမိုဖြစ်ထွန်းစေပြီး ကျောက်တပ်ကို 
ကျောက်ကပ် ကျောက်တည်ခြင်းအတွက် ဆောင်ရန် အစားအစာများ။
ဖြစ်ပါတယ်။
✅ကျောက်ကပ်မှ ကျောက်များ ကြေစေရန်အတွက် အကောင်းဆုံး သဘာဝ ကုသနည်းမှာ မမေ့မလျော့ ရေသောက်ခြင်း ဘဲ  
·         
✅ဆေးသုတေသနပြုချက်များအရ၊ ခရမ်းချဉ်သီးကို အစေ့ဖယ်၍စားခြင်းက ကျောက်ကပ်နှင့်ဆီးအိမ်တစ်ပတ်လျှင် ကျောက်တည်ခြင်း အလားအလာကို လျော့ချပေးနိုင်ကြောင်း၊ တစ်ပတ်အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူသည် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်းထိ လျော့ချပေးနိုင်ကြောင်း၊ ဆယ်ကြိမ်အထက်စားသုံးသူသည် ဆီးကျိတ် ကင်ဆာမှ လုံး၀ လွတ်ကင်း နိုင်ကြောင်း ဆေးသုတေသီများက အကြံပြုထားပါတယ်။ဆီးအဖြစ်ထွက်ရှိလာအောင်

✅စပျစ်သီးက ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော ယူရစ်အက်ဆစ်များကို တွန်းအားပေးတာ ကြောင့် ဆီးရွှင်စေကာ၊ ကျောက်ကပ်ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို အရှိန်ဟုန်မြင့် သုတ်သင် ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ် နှင့်ကျောက်ကပ်၊ သည်းခြေကို သန့်စင်စေပါတယ်။

✅မည်သည့်ဌက်ပျောပင်မဆို၊ အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ဆီးအိမ်၊ အမျိုး သားများ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။

✅ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ထဲရှိအဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကိုတိုးတက်မြင့် မားလာစေပြီး၊ ခန္ဓာကိုယ် ထဲရှိ မလိုလားအပ်သော၊ အညစ်အကြေးတို့ကို ဆီးအဖြစ်စွန့်ထုတ်ပေးနိုင်၍ ဆီတားဆီးကာကွယ်ပေးနိုင်ပါတယ်။ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။းကျောက်တည်ခြင်း မဖြစ်စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင် ဆာရောဂါကိုလည်း ထိထိရောက်ရောက် 

✅အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ် မြင့်မားစွာပါရှိပြီး၊ ထိုဓာတ်က ကျောက်ကပ်နှင့်တစ်ရှုးများထဲတွင် ကျောက်ကပ်ကျောက် တည်ခြင်းကို 

✅မြင်းခွားရွက်ကို နေ့စဉ် မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးမှ ကြိုတင် ကာကွယ် ရာ ရောက်ပါတယ်။

✅ကျောက်ဖရုံသီးကို မကြာခဏ ဟင်းခါးချက်သောက်ပေးပါ။

✅သံမနိုင်ကျောက်မနိုင် အပင်တစ်ပင်လုံး အမြစ်ပါမကျန် (ပဉ္စငါးပါး)တို့ကို အရည်ညှစ်ပြီးများများစားပါ။ ကျိုချက်၍လည်းကောင်း၊ အ ခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်း စေပါတယ်။

✅ဖရဲသီး 
· အုန်းသီးနုနု တစ်လုံး၏ ထိပ်ဖက်အပိုင်းလေးကို ဖြတ်ပြီး လှော်ထားသော ငရုတ်ကောင်း ၅ စေ့ခန့်ကို အမှုန့်ကြိတ်ပြီး ထည့်စိမ်ထားလိုက်ပါ။ တစ်နာရီခန့်စိမ်ထားပြီးလျှင် ၄င်းအုန်းစိမ်းရည်ကို သောက်ပေးနိုင်ပါတယ်။ မနက်အိပ်ယာ ထခါစမှာ သောက်ရေ မတ်ခွက်အပြည့်ဖြင့် တစ်ခွက် သောက်ပေးပါ။ ဆီးများများ သွားလိုက်လျှင် ကျောက်များကြေ၍ ကျသွားပါလိမ့်မယ်။
·         
✅သံမနိုင်ကျောက်မနိုင် ပဉ္စငါးပါး၊ ကုန်းထီးကရုံး ပဉ္စငါးပါး၊ တောင်ဇီးဖြူ ပဉ္စ ငါးပါး၊ ၄င်းသုံးမျိုးတို့ကို ဆတူရောပြီး ကျို ချက်ပါ။ သုံးခွက်တစ်ခွက်တင် ကျိုပြီးနောက်၊ တစ်နေ့ သုံး ခွက်သောက်ပါ။
 
ဆောင်းပါးရှင်_ပေါက်ပေါက်
#ကျန်းမာချမ်းသာဘေးဘရာကင်းပါစေ
#crdပေးပါသည်
ပြန်လည် ကူးယူ ဖော်ပြပါတယ်။

Comments