အသက် ၄၀ အရွယ် ကစ၍ လုပ်သင့်သည့်အချက်များ

မူရင်းရေးသူ မသိပါ
အသက် ၄၀ အရွယ် ကစ၍ လုပ်သင့်သည့်အချက်များ

 နေ့တိုင်း နံနက်စာ မှန်မှန်စားပါ

 ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ - 
  နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။

  ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ

 စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
   ရောဂ၊ တရားထိုင်၊ အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ

ငါး၊ ကြက်သား၊ အခွံမာစေ့များစားပေးရင် 
လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
  စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။

အဖော်နဲ့ ခရီးထွက်ပေးပါ

သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ

 ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။
    _______________________

အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ

               * အရိုး *

 အရိုးတွေ ချောင်လာတယ် 

 ဒူးနာတတ်တယ်

 ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်

 ခါးဆစ်ရိုးတွေလည်း နာတတ်တယ် 

ချော်မလဲအောင် ဂရုစိုက်ပါ

 ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

               * ကြွက်သား *

 ကြွက်သား အားမရှိတာ 
    အမျိးသားက ၃ ပုံ ၁ ပုံ နဲ့
    အမျိုးသမီးက တဝက်လောက် အဖြစ်များတယ် ။

 ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။

 လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

        * အကြော၊ အဆစ်

အကြော အဆစ် နာတတ်တယ် 

 ဝတဲ့ သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် 
( အကြောအားဆေး သောက်ပေးပါ) 

 ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ် 

 အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

     * အတွင်းကလီစာများ *

~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

~ နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ သည်းခြေ၊ အသည်း
ညဖက် ဆီးခဏခဏ သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့  
   အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ၊ အပူ၊ အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

              * နှလုံး *

နှလုံးစဖြစ်ရင်...
အသက်ရူမဝခြင်း

ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း

 ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြောတက် တတ်တယ်။

 အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။

 မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။

 နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိတယ် အားလုံးပိတ်ရင် စက်တပ်ရတယ်။

နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။

 အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

             * အသည်း *

အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်

ညာခါး အနောက်ဖက် ညောင်းနာမယ် 

ညာဖက်ပုခုံး ထုံကျင်ညောင်းနာ

 ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်

 အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ

 ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်

အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ် 

 လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်

 တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ် 

 ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်

 အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင် သတိထားပါ

 အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ် 

 အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ် 

 အသား၊လက်ဖဝါး၊မျက်လုံးအိမ်တွေ ဝါလာမယ် 

 အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး
ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်  
( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ ကြည့်နည်းပါ)                                       

            * ကျောက်ကပ် *

 ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး

 ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး

 အသားအရေ ယားယံတတ်တယ် 

 ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး

 ခြေ လက် အေးတတ်တယ် 

  ခြေထောက်တွေ ရောင်လာတတ်တယ်

 အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်

 အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး

 ခြေသည်းခွံတွေ ကြမ်းလာတယ်
 
 အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်

 အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - 
အမြဲဆေးသောက်ပါ ဆီးချိုချိန်ပါ

 ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်

 သွေးပေါင်ကျလည်း မူးတတ်တယ် ကျောက်ကပ်ကို အထူးဂရုစိုက်ပါ
                                              
            * သရက်ရွက် *

 သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်

 လည်ပင်း ဇက်ကြော တက်လွယ်တယ် 

 ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်

 အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီး ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်

 ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့ 

 အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကို ထိပြီး သွေးယိုတတ်တယ်

 ဝမ်းသွား သွေးပါရင် သတိထားပါ 
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်း ကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။

 ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ 
(ရှောကနဲ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင်အကောင်းဆုံးပါ) 
(ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)

တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် - 
(တရက်လုံး ပန်းရင်တော့ ဝမ်းလျောပြီ)

 အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

               * အူမကြီး *

 အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်

 နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်

 သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်

 လည်ပင်းရောင် ဖောင်းတတ်တယ်

 တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ

 ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် 
     ( အပူများတဲ့သဘော )
 
 ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ် 

  အူမကြီးက ဝမ်းနဲ့ဆိုင်တယ် 

 ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်

 လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့ 
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်

အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်

အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်  
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)

 အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့ 

အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ

 နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)

 တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင် ပြဿနာမရှိပါ။

 သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်မယူနိုင်တော့ဘူး။
( ဆရာဝန်နဲ့ သေချာပြပါ ) 

 ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ 

 ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ

 ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်

 ချော်လဲကျလွယ်တယ်

 အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ 

 ချော်မလဲကျပါစေနဲ့

       * အသက် ၄၀ အရွယ် * ကစ၍လုပ်သင့်သည့်အချက်များ

 နေ့တိုင်း နံနက်စာ မှန်မှန်စားပါ

 ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ - 
  နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။

  ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ

 စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
   ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ

 ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။

အဖော်နဲ့ ခရီးထွက်ပေးပါ

သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ

ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။

 * အသက်ကြီးသူများလိုက်နာရန် *

မျောက်လို လူပ်ရှား 
ကြောင်လိုစား 
နွားလိုရေသောက် 
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

မျောက်လိုလူပ်ရှား - 
အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

ကြောင်လိုစား - 
လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေညက်စေနိုင်သည်။ 
တကြိမ်တည်း များစွာမစားရ။

နွားလိုရေသောက် - 
ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

လိပ်လိုလျှောက် - 
အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

တုတ်ထောက်မပျင်းနှင့် - 
အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - 
မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်က အကူရသည်။

credit - original 
#ကျန်းမာရေး
mts

Comments